Style Switcher

Layout options
  • Boxed Layout
  • Full Width Layout
Primary Color

Our Vision


 coffee 01

CREATING PATHWAYS TO PROSPERITY FOR THE MYANMAR COFFEE INDUSTRY

စင်ကာပူကော်ဖီအသင်း (Singapore Coffee Association-SCA) မှ ကြီးမှူးကျင်းပသည့် Singapore Specialty Coffee Online Auction 2020 တွင် ပါဝင်သည့် ကော်ဖီတောင်သူများအတွက်  မြန်မာနိုင်ငံ ကော်ဖီအသင်း၏ စီစဉ်ဆောင်ရွက်မှုများ

မြန်မာနိုင်ငံကော်ဖီအသင်းသည် မြန်မာနိုင်ငံ၏ ကော်ဖီလုပ်ငန်း ကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသော အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။ အဆိုပါရည်ရွယ်ချက် အထမြောက်ရေးအတွက် ဆောင်ရွက်ချက်များအနေဖြင့် ပြည်တွင်း စျေးကွက် သာမက နိုင်ငံတကာ/ ပြည်ပ‌ဈေးကွက်များအထိ ထိုးဖောက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် Zoom Online Application ဖြင့်ပြုလုပ်မည့် စင်ကာပူကော်ဖီအသင်း (Singapore Coffee Association) မှ ကြီးမှူးကျင်းပသည့် "Singapore Specialty Coffee Online Auction 2020" တွင် ပါဝင်သည့် ကော်ဖီတောင်သူများအတွက်  မြန်မာနိုင်ငံကော်ဖီအသင်း၏ စီစဉ်ဆောင်ရွက် မှုများအား အစီရင်ခံတင်ပြအပ်ပါသည်။

၁။ Singapore Specialty Coffee Online Auction 2020” အမည်ဖြင့် ကော်ဖီလေလံပွဲကို ၁-၁၀-၂၀၂၀ ရက်နေ့ တွင် အွန်လိုင်း(Zoom)မှ တစ်ဆင့်စီစဉ် ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း စင်ကာပူကော်ဖီအသင်း (Singapore Coffee Association-SCA) မှ အီးမေးလ် ဖြင့် အကြောင်းကြား လာပါသည်။

၂။ စိတ်ပါဝင်စားသော ကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအနေဖြင့်လေလံပွဲ၌ ပါဝင်ပြသခြင်းအတွက် အခကြေးငွေ ပေးသွင်းရန် မလိုအပ်ဘဲ လျှောက်လွှာတင်သွင်းနိုင်ပြီး၊ ကော်ဖီစေ့အစိမ်း (၃၃) ကီလိုဂရမ်ကို စင်ကာပူ ကော်ဖီအသင်း (Singapore Coffee Association-SCA) သို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ရမည် ဖြစ်ကြောင်း၊ နမူနာကော်ဖီစေ့အစိမ်း (၃) ကီလိုဂရမ်အား လှော်ခြင်း၊ အရည်အသွေး အဆင့်အတန်း သတ်မှတ်ခြင်း၊ ကော်ဖီအရသာ မြည်းစမ်းခြင်းနှင့် အမှတ် ပေးခြင်းတို့ကို ပြုလုပ်နိုင်ရန်အတွက် ၂၃-၈-၂၀၂၀ ရက်နေ့ခန့် အရောက် ပေးပို့ရမည် ဖြစ်ပြီး၊ လေလံပွဲတွင် ရောင်းချရန် အတွက် ကော်ဖီစေ့အစိမ်း (၃၀) ကီလိုဂရမ် ကို ၆-၉-၂၀၂၀ ရက်နေ့ခန့် အရောက် ပေးပို့ရမည် ဖြစ်ကြောင်း၊ အဆိုပါပွဲတွင် လေလံတင်ချရငွေများကို စင်ကာပူကော်ဖီအသင်း (Singapore Coffee Association-SCA) ကသာ ကုန်ကျစရိတ် ကာမိစေရန်အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ လေလံပွဲတွင် ကော်ဖီ အတွဲပေါင်း (၄၀) တွဲ အထိသာ လေလံတင်ရောင်းချ သွားရန် သတ်မှတ်ထားသဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သော နိုင်ငံတစ်နိုင်ငံမှ  (၄) တွဲ အထိသာ ပါဝင်ပြသနိုင်ကြောင်းနှင့် အဆိုပါ လေလံပွဲသို့ နိုင်ငံတကာမှ လေလံဆွဲသူ (ဝယ်သူ) ၂၀၀ ခန့် ကို ဖိတ်ခေါ်ထားကြောင်း ဖော်ပြပါရှိပါသည်။

၃။ ၂၅-၇-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံကော်ဖီအသင်း၏ BOD အစည်းအဝေး ဆုံးဖြတ်ချက်အရ စင်ကာပူကော်ဖီအသင်း (Singapore Coffee Association-SCA)မှ ပြုလုပ်မည့် "Singapore Specialty Coffee Online Auction 2020" ကော်ဖီလေလံပွဲတွင် မြန်မာနိုင်ငံကော်ဖီအသင်းမှ ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြပြီး "6th Myanmar National Coffee Cupping Competition 2020"တွင် ဆု ရရှိသူများအား ဦးစားပေး ပါဝင်နိုင်ရန် ဆက်သွယ်သွားမည် ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ အောက်ဖော်ပြပါ ပါဝင်သူများစာရင်းမှာ "6th Myanmar National Coffee Cupping Competition 2020"တွင် Categories များအလိုက် ဆုရရှိထားသူများ ဖြစ်ကြပါသည်။

Name

Ruby Hills Specialty Coffee

The Lady Specialty Coffee

Mandalay Coffee Group

Mya Thazin Eain Coffee

Contact Person

U Thi Ha

Daw Su Nandar Linn

Mr. Pedro Tanoira Corballo

Daw Nan Mya Eain

Position

Sale Director

Managing Director

General Manager

Owner

Address

No-166, Myo Ma Quarter, Mogoke, Mandalay Division

Thudar Warte Road, Ywa Ma Quarter, Ywa Ngan, Southern Shan State

Ward 18, Doe Kwin, Pyin Oo Lwin Township, Mandalay Division

N0-262, Ywangan Township, Southern Shan State

Phone

+959444080655

+959960369300

+959975806164

+959960548975

E-mail

عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.

عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.

عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.

عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.

 

 

 

 

 

 

 

 

 

 

 

 

၄။ စင်ကာပူကော်ဖီအသင်း (Singapore Coffee Association-SCA) သို့ နမူနာကော်ဖီစေ့အစိမ်း (၃) ကီလိုဂရမ်အား လှော်ခြင်း၊ အရည်အသွေး အဆင့်အတန်း သတ်မှတ်ခြင်း၊ ကော်ဖီအရသာမြည်းစမ်းခြင်းနှင့် အမှတ် ပေးခြင်းတို့ကို ပြုလုပ်နိုင်ရန်အတွက် ၂၃-၈-၂၀၂၀ ရက်နေ့အရောက် DHL Service ဖြင့် လေကြောင်းလိုင်းမှတစ်ဆင့် လေလံပွဲတွင်ပါဝင်သူ (၄)ဦး၏ (၃) ကီလိုဂရမ် ကော်ဖီစေ့အစိမ်း (၄)တွဲ၊ စုစုပေါင်း (၁၂) ကီလိုဂရမ်အား ပေးပို့ပြီး ဖြစ်ပါသည်။ လေလံပွဲတွင်ရောင်းချရန်အတွက် ကော်ဖီစေ့အစိမ်း (၃၀)ကီလိုဂရမ်အား ၆-၉-၂၀၂၀ ရက်နေ့ခန့် အရောက် ပေးပို့နိုင်ရန် Integrated Shipping & Logistics Co.,Ltd. Service ဖြင့် ရေကြောင်းလိုင်းမှတစ်ဆင့် လေလံပွဲတွင် ပါဝင်သူ (၄) ဦး ၏ (၃၀) ကီလိုဂရမ် ကော်ဖီစေ့အစိမ်း (၄) တွဲ၊ စုစုပေါင်း (၁၂၀) ကီလိုဂရမ်အား ပေးပို့ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ကော်ဖီစေ့အစိမ်းများ ပေးပို့မှုအတွက် အဓိကကုန်ကျစရိတ်များအား မြန်မာနိုင်ငံ ကော်ဖီအသင်းမှ အကုန်အကျခံခြင်း ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

မြန်မာနိုင်ငံကော်ဖီအသင်း

Name

Ruby Hills Specialty Coffee

The Lady Specialty Coffee

Mandalay Coffee Group

Mya Thazin Eain Coffee

Contact Person

U Thi Ha

Daw Su Nandar Linn

Mr. Pedro Tanoira Corballo

Daw Nan Mya Eain

Position

Sale Director

Managing Director

General Manager

Owner

Address

No-166, Myo Ma Quarter, Mogoke, Mandalay Division

Thudar Warte Road, Ywa Ma Quarter, Ywa Ngan, Southern Shan State

Ward 18, Doe Kwin, Pyin Oo Lwin Township, Mandalay Division

N0-262, Ywangan Township, Southern Shan State

Phone

+959444080655

+959960369300

+959975806164

+959960548975

E-mail

عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.

عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.

عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.

عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.

Our Mission


The Myanmar Coffee Association is non-profit trade association working to increase the prosperity of all sectors of the industry by providing:

  • Technical training
  • Professional development education
  • Local and international market linkages
  • Access to financial assistance
  • Information resources
  • Capacity for sustainable economic growth
  • Industry representation and advocacy
  • Industry standards and certifications
  • Recognition for excellence
  • Opportunities for collaboration

Based on:
 

  • Our pride in our products
  • Our commitment to the principals of accountably, equal opportunity, sustainability and transparency, and
  • Our responsibility to build unity within the industry